Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်းမှ ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းများအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


27 May,2024

ကျောက်ပန်းတောင်း မေ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှု ဖြင့် ကျေးရွာများတွင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းများစုဖွဲ့၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ၊ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို၊ မေ ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီးသမဝါယမဦးစီးဌာန၊ တိုင်းဒေသ ကြီးဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးထွန်းဇော်ဦးနှင့် တာဝန်ရှိသူများသည်၊ ကျောက်ပန်းတောင်းမြို့နယ်သို့ရောက်ရှိပြီး၊ လယ်ယားတောင်ကျေးရွာ အုပ်စု၊ ရေထွက်ကျေးရွာ စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားဆောင်ရွက်နေသည့်၊ ဝက်မွေးမြူရေးလုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆေး ကြပြီး၊ ကျေးရွာအသင်းဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များ လမ်းညွှန်မှာကြားသည်။

ဆက်လက်၍  တိုင်းဒေသကြီးဦးစီးမှူးနှင့်အဖွဲ့သည် ကျောက်ပန်းတောင်းမြို့နယ် သမဝါယမဦးစီးဌာနရုံးသို့ ရောက်ရှိပြီး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် အမှုဆောင်များအားတွေ့ဆုံ၍ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်ပြီး ရှင်းလင်းပြော ကြားကာ၊ လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

နေအောင်(ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်