Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရေဖြူမြို့တွင် လယ် (၈၇၀) ဧကအတွက် သွင်းအားစုမတည်ရန်ပုံငွေကျပ်သိန်း (၁၇၄၀) ပေးအပ်


29 May,2024

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်)သမဝါယမကဏ္ဍမှ မြို့နယ်အတွင်းရှိ လယ် (၈၇၀) ဧကအတွက် သွင်းအားစုမတည် ရန်ပုံငွေကျပ်သိန်း (၁၇၄၀) ပေးအပ်ပွဲကို မေ ၂၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အောင်သာဝတီအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အဆင့်မိုးစပါးစိုက်ပျိုးျရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးဇင်လင်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းအိဝင်းက ရေဖြူမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး စိုက်ဧက(၈၇၀)ဧက အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်ပတ်သက်၍ မိုးစပါးစိုက်တောင်သူများ အား လယ်(၁)ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုဓာတ်မြေဩဇာများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ပံ့ပိုးငွေထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး သည်။

ထို့နောက် ရေဖြူမြို့နယ်အတွင်း (ခ) ရပ်ကွက်ရှိ အလင်းရောင်သမဝါယမအသင်း၊ ဇီးကျ ကျေးရွာ၊ ကျောက္ကညာကျေးရွာ၊ ဖောင်းတောကျေးရွာ၊ ပုလဲကူကျေးရွာ၊ (က)ရပ်ကွက်ရှိ အသင်းသား တောင်သူများအား စိုက်ပျိုးဧက(၈၇၀)ဧကအတွက် မတည်ငွေ(၁၇၄၀)သိန်းအား အခြေခံသမဝါယမ အသင်း၏ ဝိုင်းကြီးချုပ်အဖွဲ့အလိုက် ထုတ်ပေးခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အခြေခံသမဝါယမအသင်းမှ အမှုဆောင်များ၊ အသင်းသား တောင်သူများ၊ သမဝါယမအသင်းစု အမှုဆောင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခတ္တာ

တနင်္သာရီတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်