Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်းများအား နိုင်ငံ့စီးပွားမြှင့်တင်ရေး မတည်ထောက်ပံ့ငွေများ ပေးအပ်


29 May,2024

သထုံ မေ ၂၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း ၆ သင်းတို့အား နိုင်ငံ့စီးပွား မြှင့်တင်ရေးမတည်ထောက်ပံ့ငွေများပေးအပ်ခြင်းအခမ်းအနားကို မေ ၂၇ ရက်နေ့က လိပ်အင်း ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ‌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှူး ဒေါ်သန္တာစိုးက ထောက်ပံ့ငွေပေးအပ် ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူ တို့က အခြေခံသမဝါယမအသင်းများထံ နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် သထုံမြို့နယ်အတွင်းရှိ အခြေခံသမဝါယမအသင်း (၆) သင်းတို့ အား အရင်း‌ငွေကျပ်(၁၄၀၀)သိန်းနှင့် အတိုးငွေကျပ်(၉၈၄၉၀၀၀)တို့အား ထုတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်