Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

NSSA အသိအမှတ်ပြုလက်မှတ်ရရှိရေးအတွက် ဝါးအခွေထည်လုပ်သား(Level-1) ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်


31 May,2024

ပုဂံ၊ မေ ၃၁

          သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ယွန်းပညာကောလိပ်(ပုဂံ) နှင့် အလုပ်သမားဝန်ကြီးဌာန NSSA (National Skill Standard Authority) မြန်မာနိုင်ငံ အလုပ်သမားများကျွမ်းကျင်မှု စံသတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ ပူးပေါင်း၍ ယွန်းပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ ကောလိပ်တွင် ပြုလုပ်ဆောင်ရွက်သည်။

          ထိုသို့ ဆောင်ရွက်ရာတွင်  NSSA အသိအမှတ်ပြုလက်မှတ် ရရှိရေးအတွက် ဝါးအခွေထည် လုပ်သား(Level-1)ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းများကို စာတွေ့၊ လက်တွေ့ စစ်ဆေးခြင်းများ ပြုလုပ်ရာ ဝါးကျွမ်းကျင်လုပ်သား (၈)ဦး လာရောက်၍ စစ်ဆေးခြင်းများခံယူခဲ့ကြသည်။ ထို့နောက် NSSA မှ အသိအမှတ်ပြုလက်မှတ်ရရှိရေး အတွက် ယွန်းပညာကောလိပ်(ပုဂံ)မှ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်