Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သားမြို့နယ်တွင် လယ် (၉၆၀) ဧကအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကျပ်သိန်း (၁၉၂၀) ပေးအပ်


29 May,2024

မြစ်သား မေ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်သမဝါယမဦးစီး ဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဝါစီမံကိန်းအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် သမဝါယမအသင်းသားတောင်သူ (၂၅၃) ဦးတို့အား ဝါစိုက်ဧက (၉၆၀) ဧက တို့အတွက် ကျပ်သိန်း(၁၉၂၀)ပံ့ပိုးပေးအပ်ခြင်းကို မေ ၂၈ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းက သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဝါစိုက်အသင်းသားတောင်သူများ အထွက်နှုန်းတိုးစေရန်၊ ဝင်ငွေတိုးပွားစေရန်၊ ဝါစီမံကိန်းအကောင်ထည်ဖော် ဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ လုပ်ငန်းစဉ်များနှင့် ဝါစိုက် တောင်သူများအား လယ်တစ်ဧကလျှင် ငွေကျပ် (၂) သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ထုတ်ပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍   မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်မှ လယ် (၉၆၀) ဧက အတွက်  တိုင်းဒေသကြီးအစိုးရအဖွဲ့၏  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ကျပ်သိန်း (၁၉၂၀)ကို မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဝင်းတင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးထွန်းစိုး၊ မြို့နယ်သမဝါယမဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒီဝင်းနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌနှင့် ဒေသခံ ဝါစိုက် အသင်းသားတောင်သူ(၅၀)ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်