Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဆုမဲဖောက်ပေး ခြင်း အခမ်းအနား


11 Jun,2024

နေပြည်တော်၊ ဇွန် ၁၀

              သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၁၇-၆-၂၀၂၄ ရက်နေ့တွင် ကျရောက်မည့် ဝန်ကြီးဌာန (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးမှ ချီးမြှင့်သည့် ဆုမဲ(၄၉)မျိုးဖြစ်ပြီး ပစ္စည်းအရေအတွက် (၅၈၈)ခုအား (၁၀.၆.၂၀၂၄)ရက်နေ့တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ရုံးချုပ်/ ဌာနခွဲ/အဖွဲ့ခွဲများနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ဝန်ထမ်းများထံသို့ ဆုမဲများ ဖောက်ပေးခဲ့ပါသည်။

              အဆိုပါ ဆုမဲများထဲတွင် ဆုကြီးများဖြစ်သည့် TV 32” (၁)လုံး၊ ရေခဲသေတ္တာ(၁)လုံးနှင့် လေအေးပေး စက်(၁)လုံးတို့အား ဝန်ထမ်း(၃)ဦးတို့မှ အသီးသီးမဲပေါက်ခဲ့ပြီး ကျန်ရှိသည့် (၅၈၅)မဲအား ဝန်ထမ်း(၅၈၅)ဦးတို့မှ ဗလာမပါ ကံစမ်းမဲ ပစ္စည်းအမျိုးမျိုးအား အသီးသီးမဲပေါက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်