Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုပေးအပ်


13 Jun,2024

သုံးခွ ဇွန် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူ ထားသည့် သုံးခွမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများသို့ သွင်းအားစုများ ပေးအပ် ပွဲကို ဇွန်လ(၁၁)ရက်က ဖရုံလမ်းခွဲထိပ်တွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်၊၊

ယင်းသို့ ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ သမဝါယမဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး၏ကြီးကြပ်မှုဖြင့် သုံးခွမြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၁၄) သင်းမှ အသင်းသား (၃၀၅) ဦးအတွက် ဧက(၂၆၃၅ )ဧက၊ တန်ဘိုးငွေ (၅၂၇) သန်းနှင့်ညီမျှသော သွင်းအားစုများကို မြိုနယ်သမဝါယမအသင်းစုမှ အသင်းသားများ လက်ဝယ်အရောက်ပေးအပ် ခဲ့ကြောင်း သိရသည်။

ထိုသို့ပေးအပ်ရာတွင် သမဝါယမအသင်းအဆင့်ဆင့်ရှိ အသင်းသားများ လူမှုစီးပွားဘဝ တိုးတက်မြင့်မားလာစေရန်နှင့် ဝင်ငွေတိုးပွားလာစေရန်အတွက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရ သည်၊၊      

စည်သူလင်း ပြန်/ဆက်

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်