Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


17 Jun,2024

မိုးကုတ် ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇွန် ၁၅ ရက်က မြို့နယ် သမဝါယမဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မိုးကုတ်မြို့နယ် သမဝါယမအသင်းဥက္ကဋ္ဌ ဦးတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးဝင်းအောင်က နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက် နှင့် လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးထွန်းလှိုင်က လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ထပ်ဆင့်ရှင်းလင်း ပြောကြားကာ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲမြင့်အောင်က အမှာစကားပြော ကြားခဲ့သည်။

ထို့နောက် မြို့နယ်သမဝါယမအသင်းစုအမှုဆောင်ဒါရိုက်တာအဖွဲ့က အသင်းဝင်ကိုယ်စားလှယ် များအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ရှေးလုပ်ငန်းစဉ်များ၊ ဘဏ္ဍာရေးရှင်းတမ်းနင့် အမြတ်ခွဲဝေစာရင်းများအား ဖတ်ကြားရှင်းလင်းခဲ့ သည်။ ယင်းနောက် အသင်းဝင် ကိုယ်စားလှယ်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ ကြပြီး အမှုဆောင်ဒါရိုက်တာအဖွဲ့၏ ဖတ်ကြားရှင်းလင်းမှုများအပေါ်  အတည်ပြုဆုံးဖြတ်ချက် များ ချမှတ်ခဲ့ကြကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်