Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပုသိမ်ကြီးမြို့နယ်တွင် စမ်းဝတီ သဘာဝမြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကျင်းပ


17 Jun,2024

ပုသိမ်ကြီး ဇွန် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေမကျေးရွာရှိ ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းအား မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ စမ်းဝတီသဘာဝ မြေဩဇာ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ဇွန် ၁၃ ရက်က အဆိုပါကျေးရွာ၌ ကျင်းပ ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရိုးမမြိုင် စိုက်ပျိုးထုတ်လုပ်ရေးအသင်း၊ အသင်းပိုင်ယာမြေများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေး၊ အသင်းကိုယ်တိုင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အသင်း လက်ဝယ်အရောက် စမ်းဝတီသဘာဝမြေဩဇာများကို တာဝန်ရှိသူများက ပံ့ပိုးပေးအပ်ခဲ့ကြသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသောင်းဋ္ဌေး၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ဝင်း၊ မြို့နယ်ဦးစီးအရာရှိဒေါ်တင်မိုးနွယ်၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်မှ အမှုဆောင်ဦးဟန်၊ စမ်းဝတီမွေးမြူရေးနှင့် သဘာဝမြေဩဇာထုတ်လုပ်ရေး သမဝါယမအသင်းလီမီတက်မှ ဦးတင်အောင်ထွန်းနှင့် တာဝန်ရှိ သူများ၊ ရိုးမမြိုင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းသားများ တက်ရောက်ခဲ့ကြောင်း သိရ သည်။

မြို့နယ်ပြန်/ဆက်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်