Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျောက်တန်းမြို့နယ်အတွင်းရှိ သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများ ပေးအပ်ပွဲကျင်းပ


17 Jun,2024

ကျောက်တန်း ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး၏ ကြီးကြပ်မှုဖြင့် သန်လျင်ခရိုင်၊ကျောက်တန်းမြို့နယ်အတွင်း  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူထားသည့်မြို့နယ် သမဝါယမအသင်းသားတောင်သူများထံသို့ သွင်းအားစုများပေးအပ်ပွဲကို ဇွန် ၁၃ ရက် ညနေပိုင်း က ကျောက်တန်းမြို့နယ်၊ ဆင်ကန်ရပ်ကွက်၊ ပဲလှော်ဖိုလမ်းဆုံတွင် ပြုလုပ်ခဲ့သည်။

ယင်းသို့ ပေးအပ်ရာတွင်  ကျောက်တန်းမြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်ခိုင်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်တွင် မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်း (၈) သင်းမှ အသင်းသား (၁၀၂) ဦး၏ စိုက်ပျိုးမြေ (၈၈၀) ဧကအတွက် တန်ဖိုး ငွေကျပ်(၁၇၆)သန်းနှင့် ညီမျှသောသွင်းအားစုများကို အသင်းသားများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်