Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ်၌ စိန်ပန်းစျေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့်အမှုဆောင်ရွေးချယ်ပွဲပြုလုပ်


20 Jun,2024

ပေါင် ဇွန် ၁၉

မွန်ပြည်နယ်၊ ပေါင်မြို့နယ် စိန်ပန်းစျေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်ပွဲကို ဇွန် ၁၇ ရက်နေ့က မြို့နယ်သမဝါယမအသင်းစုအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအေးမင်းက အဖွင့်အမှာစကားပြောကြား ရာတွင် စိန်ပန်းစျေးသမဝါယမအသင်းအနေဖြင့် အသင်းသူ/သားများသို့ အရစ်ကျထုတ်ပေး ခြင်းလုပ်ငန်းမှ အကျိုးအမြတ်များစွာ အသင်းနှင့်အသင်းသားများ နှစ်စဉ်အကျိုးခံစားနိုင်ပြီး ယခုနှစ်တွင်လည်း အသင်း၏အသားတင်အမြတ်ငွေမှ အသင်းသား(၁၅၇၀)ဦးအား ငွေကျပ် (၁၁၂၄၀၅၇၅)အား ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းယုက ယခုရွေးချယ်ထားသည့် အမှုဆောင် အသစ်များသည် ယခင်အမှုဆောင်အဖွဲ့များကဲ့သို့ လုပ်ငန်းတာဝန်များကို ပိုမိုအောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်းပြောကြားခဲ့ပြီး အသင်းသားများ၏ဆန္ဒအရ အဆိုပြုထောက်ခံခြင်းများပြုလုပ်၍ အမှုဆောင်အသစ်များရွေးချယ်ပြီး အသင်းသားများသို့ နှစ်ပတ်လည်လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်