Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်ကြီးနားမြို့နယ် မြသီတာ အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက် စုဆောင်းငွေပေါ်အတိုးနှင့် အစုပေါ်အမြတ်ငွေများပေးအပ်


21 Jun,2024

မြစ်ကြီးနား ဇွန် ၂၁

            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ သီတာရပ်ကွက်ရှိ မြသီတာအထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို အမက-၁၁ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် အသင်းသား၊ အသင်းသူများ စုစုပေါင်း (၂၀၄) ဦး တက်ရောက်ခဲ့သည်။

          အဆိုပါအစည်းအဝေးတွင် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်နိုင်နိုင်မော်က သမဝါယမ အသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အသင်းမှ အသင်းသားချီးမြှင့်ငွေကျပ် (၂၀၄၀၀၀၀)၊ အစုပေါ်အမြတ်ငွေကျပ် (၂၇၀၅၀၀၀)၊ စုဆောင်းငွေပေါ် အတိုးငွေကျပ် (၃၃၄၂၀၀၀)၊ တက်ရောက်လာသောအသင်းသား၊ အသင်းသူများအတွက် စရိတ်ငွေ ကျပ် (၃၂၄၀၀၀)၊ စုစုပေါင်းငွေကျပ်(၈၄၁၁၀၀၀)ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်