Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်မရောမြို့နယ်၌ (၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ထောက်ပံ့ငွေနှင့် စားသုံးကုန်ပစ္စည်းများပေးအပ်


25 Jun,2024

ကျိုက်မရော ဇွန် ၂၄

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ၂၀၂၄ခု၊ ဇူလိုင်လ ၆ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထ္ထရံအားမာန်ငွေစု၊ငွေချေး သမဝါယမအသင်းလီမိတက်မှ အသင်းသူ၊ အသင်းသားများအား အစုပေါ်အမြတ်၊ စုဆောင်းငွေအပေါ် အတိုးနှင့်စားသုံးကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်သမဝါယမဦးစီးဌာနရုံး ခန်းမ၌ပြုလုပ်ခဲ့သည်။

ဦးစွာ ကျိုက်မရောမြို့နယ် အတ္တရံအားမာန်ငွေစု၊ငွေချေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် အသင်းသူ၊ အသင်းသားများအား အစုပေါ် အမြတ်နှင့်ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော အသင်းသူ၊အသင်းသားများအား ထောက်ပံ့ငွေနှင့်ပစ္စည်းများ ကို မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပေးအပ်ခဲ့ကြောင်း သိရသည်။

ချိုမြတ်မြတ် ထွေး(ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်