Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကြည့်မြင်တိုင်မြို့နယ် ရွှေထီးရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


26 Jun,2024

ကြည့်မြင်တိုင် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ရွှေထီးရောင်းဝယ်ရေးသမဝါယမ အသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇွန်(၂၄)ရက်က ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ဘုရားနှစ်ဆူကျောင်းတိုက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ် ဦးတင်လှက အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင် အဖွဲ့အစီရင်ခံစာ၊ အသင်းသားအစီရင်ခံစာနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင်လှိုင်ကဆွေးနွေးပြီး တက်ရောက်လာသည့် အသင်းသားများက အတည်ပြုဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းယုက သမဝါယမအသင်း၏ ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်း အဝေးသို့ အသင်းဝင် ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခိုင်ဇာလင်း(ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်