Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်များရှိ သမဝါယမလုပ်ငန်းများဆောင်ရွက်နေမှု တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


28 Jun,2024

တောင်ကြီး ဇွန် ၂၈

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းနှင့်ဖယ်ခုံမြို့နယ်တို့ရှိ သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့် နှင့်တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်သမဝါယမ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး သက်ဆိုင်ရာမြို့နယ်များရှိ တာဝန်ရှိသူများက မိမိတို့လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က လိုအပ်သည်များ ရှင်းလင်းဆောင်ရွက်ပေးခဲ့သည်။  

 ဆက်လက်ပြီး ပင်လောင်းမြို့နယ်သမဝါယမအသင်းစု၌ အသင်းအမှုဆောင်များနှင့်တွေ့ဆုံ၍ အသင်းလုပ်ငန်းများဆောင်ရွက်နေမှုနှင့် သမဝါယမအသင်းစုပိုင် မြရတနာတည်းခိုခန်းဖွင့်လှစ်ထားရှိမှု၊ စာရေးကိရိယာနှင့်လူသုံးကုန်ပစ္စည်းရောင်းချနေသည့်သမဝါယမအသင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု တို့အား ကြည့်ရှု၍ သက်သာသောစျေးနှုန်းဖြင့် အသင်းသားပြည်သူများသို့ ရောင်းချပေးရန်နှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်