Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်ထိုမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်


01 Jul,2024

ကျိုက်ထို  ဇူလိုင် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြေခံသမဝါယမ အသင်း(၃)သင်းအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ ပေးအပ်ပွဲကို ဇွန်  ၂၇ ရက်က ကျိုက်ထိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးမတည်ရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်လွင်က အမှာစကားပြောကြားကာ  နိုင်ငံ့စီးပွားမြှင့်တင် ရေး မတည်ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဝင်းဗိုလ်နှင့် မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်အေးအေးမိုးတို့က ရန်ပုံငွေပေးအပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး အခြေခံသမဝါယမ အသင်း (၃) သင်းအား မတည်ထောက်ပံ့ငွေများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် အခြေခံသမဝါယမအသင်း(၃)သင်းအား တစ်သင်းလျှင်ငွေကျပ် (၃၁၇၆၄၀၀၀)ဖြင့် အသင်း(၃)သင်းအတွက် ငွေကျပ်(၉၅၂၉၂၀၀၀)ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်