Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(၁၀၂)နှစ်ပြည့် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သာစည်မြို့နယ်၌ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်ဖွင့်လှစ်


01 Jul,2024

သာစည် ဇူလိုင် ၁

            (၁၀၂) နှစ်ပြည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇွန် ၂၉ ရက်က မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ညောင်ရမ်းကျေးရွာမြို့မအုပ်စုရှိ ရွှေညာမြေ လယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းက စိုက်ပျိုးရေးသွင်းအားစု အရောင်း ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုး၊ သာစည်မြို့နယ် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိဦးညီညီဝင်းနှင့် ညောင်ရမ်းကျေးရွာ မြို့မအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းမြင့်တို့က သွင်းအားစုအရောင်းဆိုင်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး သည်။ ဆက်လက်ပြီး အခမ်းအနားကိုကျင်းပရာ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကား ပြောကြားပြီး ဦးစီးအရာရှိက အသင်းစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါ စိုက်ပျိုးရေးသွင်းအားစုအရောင်းဆိုင်ဖွင့်ပွဲသို့ တိုင်းဒေသကြီးနှင့် မြို့နယ် သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့်အသင်းသားများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်

မန္တလေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်