Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တိုက်ကြီးမြို့နယ်၌ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်အစည်းအဝေး ကျင်းပ


17 Jul,2024

တိုက်ကြီး ဇူလိုင် ၁၇

တိုက်ကြီးမြို့နယ်တွင် ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာ ရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ဇူလိုင်လ ၁၄ ရက်က အခြေခံပညာအထက်တန်း ကျောင်း(တိုက်ကြီး)၊ အနော်ရထာခန်းမတွင် ကျင်းပကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် သဘာပတိဖြစ်သူ ဂျီအီးစီ(ပညာရေး)သမဝါယမအသင်းလီမိတက် ဥက္ကဋ္ဌ ဦးမောင်မောင်လတ်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးအုန်းထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် အသင်းအလုပ် အမှုဆောင်အဖွဲ့၏ အစီအရင်ခံစာနှင့် အသင်းစာရင်းစစ်အစီရင်ခံစာတို့ကို အမှုဆောင်ဦးစန်းလွင်က ဖတ်ကြား၍ အသင်းသားများ၏ အတည်ပြုချက်ကိုရယူခဲ့ပြီး အသင်းသား (၁၉၂၁) ဦး၏ အကျိုးခွဲဝေစု တန်ဖိုး (၁၇၂၈၉၀၀၀/-) ကျပ်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)

ရန်ကုန်တိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်