မြစ်ကြီးနား ဇူလိုင် ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေလွယ်ကူပြီး ရာသီမရွေး သွားလာနိုင်ရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေများဖြင့် ကျေးရွာချင်းဆက် လမ်း/တံတားများ ဖောက်လုပ်နေမှု အခြေအနေများကို ယနေ့နံနက် ပိုင်းတွင် တာဝန်ရှိသူများက မော်ဖောင်းကျေးရွာ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြစ်ကြီးနားခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန QC တာဝန်ခံ ဦးချမ်းငြိမ်းပြုံး၊ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဆုမွန်အောင်နှင့် အင်ဂျင်နီယာဝန်ထမ်းများသည် မော်ဖောင်းကျေးရွာ၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်း ဖောက်လုပ်ရန် မြေနေရာရှင်းလင်းခြင်း၊ လမ်းများ ချဲ့ထွင်ခြင်း၊ မြေသားတင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ၎င်းလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား တစ်စင်းနှင့် RC Box Culvert တံတား တစ်စင်း တည်ဆောက်မည့် မြေနေရာများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါကျေးရွာချင်းဆက်လမ်းသည် အရှည် ၁ မိုင် ၂ ဖာလုံရှိ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း အမျိုးအစားဖြစ်ပြီး ပြည်နယ်ခွင့်ပြု ရန်ပုံငွေများဖြင့် တင်ဒါအောင်မြင်သည့် ဆွတ်ဂျတ်ကုမ္ပဏီမှ ယခုနှစ် ဇွန်လ ပထမအပတ်မှ စတင် အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
၂၂၂
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်