ရပ်စောက် ဇူလိုင် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် သမဝါယမအသင်းစုတို့မှ နောင်မိုင်းမျိုးစေ့ ထုတ်လုပ်ရေးသမဝါယမအသင်းသားများသို့ မြို့နယ်သမဝါယမအသင်းစုပံ့ပိုးငွေဖြင့် မိုးစပါးစိုက်ပျိုး သောအသင်းသားများ၏ (၁၅၆)ဧကအတွက် ငွေကျပ်(၃၁၂)သိန်းနှင့် ညီမျှသောသွင်းအားစုများ နှင့် ရပ်စောက်မြို့နယ်သမဝါယမအသင်းမှ ထုတ်လုပ်သောစွမ်းထက်ဓာတ်မြေဩဇာများကို မြို့နယ် သမဝါယမဦးစီးဌာနရုံးခန်းတွင် ပေးအပ်ခဲ့ရာ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇင်မာဝင့် နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးအောင်သန်းတို့မှ မိုးစပါးသီးနှံစိုက်ပျိုးရာ၌ တောင်သူများ သွင်းအားစုအခက်အခဲမရှိစေရေးအတွက် စပါးတစ်ဧကတွင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ထွက်ရှိလာသည့် စပါးများရောင်းချရာ၌လည်း သတ်မှတ်ကာလပေါက်ဈေးဖြင့် ဈေးကောင်းရရှိအောင် ဆောင်ရွက်သွားဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်