Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျိုက်လတ်မြို့နယ်၌ တံတားချဉ်းကပ်လမ်း တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး


31 Jul,2024

ကျိုက်လတ် ဇူလိုင် ၃၀

            ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ဆောင်ရွက်သည့် ဖောင်ရိုးဆိပ်ကျေးရွာ ကွန်ကရစ်တံတားချဉ်းကပ်လမ်းတည်ဆောက်ခြင်းလုပ်ငန်းကို ဇူလိုင်၂၈ ရက်က တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

               ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ် (မြို့ပြ)ဦးကျော်ကျော်ထွေးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

               အဆိုပါ ဖောင်ရိုးဆိပ်ကျေးရွာကွန်ကရစ်တံတားကို ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်တွင် နှစ်ပိုင်းခွဲတည်ဆောက်ခဲ့ပြီး ချဉ်းကပ်လမ်းအရှည် (၀/၂ ဒသမ ၂)မိုင် တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန က တာဝန်ယူတည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၇


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်