Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကျေးလက်ဖွံ့ဖြိုးရေး ကျေးရွာချင်းဆက်တံတားလုပ်ငန်းများဆောင်ရွက်မှု ကွင်းဆင်းစစ်ဆေး


05 Aug,2024

ငပုတော ဩဂုတ် ၃

            ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ရွာအဝင် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီး ဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

            ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေး၊ တံတားတည်ဆောက်ရေးအဖွဲ့ (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေး၍ လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီး ရေး မှာကြားသည်။

            အဆိုပါတံတားဆောင်ရွက်ပြီးစီးပါက ကျေးရွာ ခုနစ်ရွာ၊ အိမ်ခြေ ၂၂၆၄ အိမ်၊ လူဦးရေ ၈၈၃၆ ဦးတို့အတွက် လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များအပြင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်