Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ GIS Software အသုံးပြုနည်းသင်တန်းဖွင့်လှစ်


14 Aug,2024

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ GIS Software အသုံးပြုနည်းသင်တန်းဖွင့်လှစ်
ရန်ကုန် ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များမြင့်မားလာစေရန်အတွက် GIS Software အသုံးပြုနည်းသင်တန်းကိုဖွင့်လှစ်သင်ကြားလျက်ရှိသည်။

သင်တန်းတွင် GIS Software ၏ အရေးပါပုံများ၊ GIS Software အသုံးပြု၍ကျေးရွာတည်နေရာပြ မြေပုံရေးဆွဲနည်းများ၊ ကုန်ထုတ်လမ်း၊ တံတားမြေပုံရေးဆွဲနည်းများ၊ကျေးရွာရေအရင်းအမြစ်ပြ မြေပုံရေးဆွဲနည်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်ပြီးကျေးရွာနှင့်ဆောင်ရွက်ရန်ကျန်ကျေးရွာများ ၏ နှိုင်းယှဉ်ဖော်ပြချက် မြေပုံရေးဆွဲနည်းများ၊ကျေးလက်ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အချက်အလက်များ ကောက်ယူထိန်းသိမ်းနည်းများကိုစနစ်တကျ သင်ကြားပို့ချလျက်ရှိသည်။

အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ သင်တန်းသူ/သား၂၀ ဦး တက်ရောက်သင်ယူလျက်ရှိပြီး ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့ထိ ၅ ရက်ကြာသင်ကြားပို့ချ သွားမည်ဖြစ်ပြီး သင်တန်းပြီးမြောက်ပါက ကျေးလင်ဒေသဖွံ့ဖြိုးရေးဆိုင်ရာအချက်အလက်များ စနစ် တကျ ကောက်ယူထိန်းသိမ်နိုင်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

အထွေး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်