Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်းတည်၌ သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းကြည့်ရှု


25 Aug,2024

ပေါင်းတည် သြဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ သမဝါယမအသင်းသား တောင်သူများ၏ မိုးစပါးစိုက်ခင်းများအား မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်အေးအေးခိုင်နှင့်ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှတာဝန်ရှိသူများက ညောင်ဖြူကျေးရွာ အုပ်စု၊ ရွှေညောင်ဖြူစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမမှအသင်းသား တောင်သူဦးမောင်စန်း ၏ စိုက်ခင်းများမှ ရက် ၇၀ သက်တမ်းရှိနေပြီဖြစ်သော ရတနာတိုးမိုးစပါးများ ဖြစ်ထွန်းအောင်မြင် နေမှုကို ကြည့်ရှုအားပေးကြသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပေါင်းတည်မြို့နယ်သမဝါယမဦးစီးဌာနသည် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုးထုတ်လုပ်ရန် တစ်ဧကလျှင်ငွေကျပ်နှစ်သိန်းနှင့်ညီမျှ သော သွင်းအားစုများကို အခြေခံသမဝါယမအသင်း ၁၆ သင်း၊ အသင်းသားတောင်သူ ၅၀ ဦး စိုက်ပျိုးထားသော ဧက ၁၀၀၀ အတွက် ငွေကျပ်သိန်းနှစ်ထောင်ကို ပံ့ပိုးကူညီကာ မိုးစပါး ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် မြို့နယ်သမဝါမဦးစီးဌာနက တောင်သူများ အား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)

 ပဲခူးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်