Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ


28 Aug,2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား အမျိုးသား(အလွတ်တန်း)ဘောလုံးပြိုင်ပွဲတွင် တတိယဆု ရရှိခဲ့သည့် ဦးစီးဌာန ကိုယ်စားပြု ဘောလုံးအသင်း အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက ဦးစီးဌာန(ရုံးချုပ်)ရှိ အစည်အဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ဂုဏ်ပြုအမှာစကားပြောကြားပါသည်။
 
ဆက်လက် ဦးစီးဌာန ကိုယ်စားပြု ဘောလုံးအသင်း အားကစားသမားများအား ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ညိုညိုဝင်းတို့က ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ပြီးနောက် ဘောလုံးကစားသမားများကိုယ်စားအားလုံးကိုယ်စား ကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်