Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

အောင်လံမြို့နယ် ရွှေပန်းတောလေးကျေးရွာအဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု စစ်ဆေး


12 Sep,2024

အောင်လံ စက်တင်ဘာ ၁၁

            မကွေးတိုင်းဒေသကြီး အောင်လံခရိုင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက အောင်လံ-သံမ္ဘူလလမ်းမှ ရွှေပန်းတောလေးကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်ရန်အတွက် ဒုတိယအခြေခံလွှာ ကျောက်ခင်းနေမှုကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အောင်လံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်းနှင့် ဌာန အရည်အသွေးစစ်ဆေးရေးအဖွဲ့တို့က သက်ဆိုင်ရာကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ရွှေပန်းတောလေးကျေးရွာ အဝင်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ဒုတိယအခြေခံလွှာ ကျောက်ခင်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများသတ်မှတ် အရည်အသွေးပြည့်မီစွာဖြင့် အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားသည်။

            အဆိုပါ အောင်လံ-သံမ္ဘူလလမ်းမှ ရွှေပန်းတောလေးကျေးရွာ အဝင်လမ်း အရှည် ပေ ၂၆၄၀၊ လမ်းအကျယ် ၁၈ ပေ၊ အမြင့် ခုနစ်လက်မရှိ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေ ကျပ်သန်း ၂၆၀ ဖြင့် Global Green Line ကုမ္ပဏီက ဇွန်လ စတုတ္ထပတ်က လုပ်ငန်းများစတင် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ ၃၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အောင်လံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးဘိုမင်းထံမှ သိရသည်။

ကိုလှိုင်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်