Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဘားအံမြို့နယ် ကော့ကဒါကျေးရွာ၌ ပထမအကြိမ် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး


13 Sep,2024

ဘားအံ   စက်တင်ဘာ    ၁၃

          ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက် မည့် ကော့ကဒါကျေးရွာအုပ်စု၊ ကော့ကဒါကျေးရွာ၌ ပထမအကြိမ် စီမံကိန်းရန်ပုံငွေထုတ်ချေးခြင်း ကို စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသူရလွင်က  ရပ်မိရပ်ဖများ၊ အသင်းသား၊ အသင်းသူများနှင့်တွေ့ဆုံကာ မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေထုတ်ချေးပေးရခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်၊၊

ဆက်လက်၍ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်ဇာလီထွန်းက အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံ ရန်ပုံငွေကျပ် ၂၉၄သိန်း  လွှဲပြောင်းပေးအပ်သည်၊၊

ထို့နောက် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက ကော့ကဒါကျေးရွာရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ကိုးဦးကို ငွေကျပ်သိန်း ၉၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၆ဦးကို ငွေကျပ်သိန်း ၁၆၀ ၊ အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ လေးဦးကို ငွေကျပ် ၄၄သိန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ ၂၉ဦးကို မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက် လည်ပတ်  ရန်ပုံငွေကျပ် ၂၉၄သိန်း  ထုတ်ချေးပေးခဲ့ကြောင်းသိရသည်၊၊


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်