Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါင်မြို့နယ် အမှတ် (၁) ပညာရေးဝန်ထမ်းများ ငွေစုငွေချေးသမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးပြုလုပ်


16 Sep,2024

ပေါင် စက်တင်ဘာ ၁၆

မွန်ပြည်နယ် ပေါင်မြို့နယ်၌ အမှတ်(၁)ပညာရေးဝန်ထမ်းများငွေစုငွေချေးသမဝါယမအသင်း လီမိတက်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာသင်ထောက်ပံ့ကြေးပေးအပ်ပွဲကို (အ.ထ.က)ပေါင် ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်ပညာရေးမှုး ဦးမင်းညွန့်တင်က အမှာစကားပြောကြားပြီး အမှတ်(၁) ပညာရေးငွေစုငွေချေးအသင်းဥက္ကဋ္ဌ ဦးမင်းညွှန့်တင်၊ မြို့နယ်သမဝါယမဦးစီးအရာရှိ ဒေါ်သင်းသင်းယု နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးမြင့်အောင်က သမဝါယမအသင်း၏ ငွေစုငွေချေးလုပ်ငန်းနှင့် စပ်လျဥ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက ငွေစာရင်းရှင်းတမ်းဖတ်ကြားခြင်း၊ အသင်းစာရင်းစစ်အစီရင်ခံစာ ဖတ်ကြားခြင်းနှင့် အသင်းသားများ၏ သားသမီးများ ၂၀၂၃-၂၀၂၄ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ(၃)ဦးအား (၁)ဦးလျှင် (၅၀၀၀၀)ကျပ်ဖြင့်လည်းကောင်း၊ တစ်ဘာသာဂုဏ်ထူး ရရှိသောကျောင်းသား၊ ကျောင်းသူ(၂)ဦးအား တစ်ဦးလျှင်(၁၀၀၀၀၀)ကျပ်စီဖြင့် ဆုချီးမြှင့်ပေးကာ စုဆောင်းငွေအများဆုံး အသင်းသား(၃)ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)

မွန်ပြည်နယ်


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်