မြောင်းမြ အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်ရှိ မြမျိုးသန့်မျိုးစေ့ထုတ်သမဝါယမအသင်းမှ အသင်းသား ၃၀ ဦး၏ မိုးစပါးစုစုပေါင်းစိုက်ဧက ၁၄၀ ပေါ်တွင် ဆင်းသုခ၊ ဧရာမင်းနှင့် ပေါ်ဆန်းရင် စပါးများ စိုက်ပျိုးထားရှိပြီး အဆိုပါစိုက်ဧကများအနက် ၅၀ ဧကအတွက် တိုင်းဒေသ ကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် ၅ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၂၅ သန်းကိုလည်းကောင်း၊ စိုက်ဧက ၉၀ ဧကအတွက် ပြည်ထောင်စုဘတ်ဂျက်ဖြင့် လူမှုစီးပွားမြှင့်တင် ရေးစီမံကိန်းရန်ပုံငွေမှ တစ်ဧကလျှင် ငွေကျပ် နှစ်သိန်းနှုန်းဖြင့် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈ သန်း နှင့်ညီမျှသောကွန်ပေါင်း (၁၅း၁၅း၁၅)၊ အာမို(ပုလဲ)၊ ပိုးသတ်ဆေး၊ သဘာဝမြေဩဇာ (ဂျစ်ဆန်) စသည့် သွင်းအားစုများကိုလည်းကောင်း ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်