Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

လယ်ဝေးမြို့နယ်သမဝါယမအသင်းစု(လီမိတက်) နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင်ရွေးချယ်တင်မြှောက်ပွဲကျင်းပ


04 Nov,2024

နေပြည်တော် နိုဝင်ဘာ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ်သမဝါယမအသင်းစု(လီမိတက်)၏ ၂၀၂၂-၂၀၂၃ နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနားကို အောက်တိုဘာ ၃၀ ရက်က လယ်ဝေးမြို့နယ်သမဝါယမ အသင်းစု၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် လယ်ဝေးမြို့နယ်သမဝါယမအသင်းစု(လီမိတက်) ဥက္ကဋ္ဌက သဘာပတိ အဖြစ်ဆောင်ရွက်ကာ အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်ယုယုအေးက ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် အမှုဆောင် ဒါရိုက်တာအဖွဲ့(၅)ဦးနှင့် အသင်းစာရင်းစစ်(၂)ဦးတို့ကို ရွေးချယ် တင်မြှောက်ခဲ့သည်။ ရွေးချယ် တင်မြှောက်ခံရသည့် အမှုဆောင်ဒါရိုက်တာအဖွဲ့(၅)ဦးမှာ အချင်းချင်း တာဝန်ခွဲဝေသတ်မှတ်ခြင်း၊ သဘာပတိရှေ့မှောက်တွင် ကတိသစ္စာခံယူခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ နေပြည်တော်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယုယုအေး နှင့်တာဝန်ရှိသူများ၊ နေပြည်တော်သမဝါယမအသင်းစုချုပ်ဥက္ကဋ္ဌ ဦးတင်ထွန်းနှင့် တိုင်းဒေသကြီး အဆင့်ဖွဲ့စည်းရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်