Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမအသင်းသားများအား နေကြာမျိုးစေ့များ ပေးအပ်


05 Nov,2024

ပေါက်ခေါင်း နိုဝင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာစိုက်ပျိုးမည့် သမဝါယမ အသင်းသားများသို့ ဆောင်းဆီထွက်သီးနှံ (နေကြာမျိုး) ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၄ ရက်နေ့ နံနက် ၁၀ နာရီက မြို့နယ်သမဝါယမဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် သမဝါယမကဏ္ဍမှ နေကြာစိုက်ပျိုးရေးစီမံကိန်းကို အသင်း(၃)သင်း၊ အသင်းသား(၃၅)ဦးတို့၏ စိုက်ဧက(၁၅၀)တွင် စိုက်ပျိုးဆောင်ရွက်သွား မည်ဖြစ်ပြီး ဆောင်းဆီထွက်သီးနှံ နေကြာရေဆင်းစပ်မျိုး (၁) နေကြာတစ်မျိုးတည်းကိုသာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ဧက(၁၅၀)အတွက် ရေဆင်းစပ်မျိုး(၁) နေကြာမျိုးစေ့ များကို မြို့နယ်သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ တာဝန်ရှိသူများက ‌အသင်းသားတောင်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်