Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစ်သာစည်ကျေးရွာ၌ ကွန်ကရစ်တံတား တည်ဆောက်နေမှုစစ်ဆေး


11 Nov,2024

မကွေး   နိုဝင်ဘာ ၉

            မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာနှစ်တွင် မကွေး- တောင်တွင်းကြီး- မြင်ကွန်းလမ်းမှ မြစ်သာစည်ကျေးရွာ အဝင်လမ်းပေါ်၌ ကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများကို တာဝန်ရှိသူများက နိုဝင်ဘာလ ၉ ရက်တွင် ကွင်းဆင်းစစ်ဆေးကြကြောင်းသိရသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်)မှ အင်ဂျင်နီယာချုပ်နှင့် ဝန်ထမ်းများက မကွေး-တောင်တွင်းကြီး-မြင်ကွန်းလမ်းမှ မြစ်သာစည်ကျေးရွာ အဝင်လမ်းပေါ်၌ ကွန်ကရစ်တံတားတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တင်ဒါရကုမ္ပဏီက လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး အင်ဂျင်နီယာချုပ်က လုပ်ငန်းများအချိန်မီ ပြီးစီးရေး၊ စံချိန်စံညွှန်းသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်သွားရန် မှာကြားသည်။

        မကွေးမြို့နယ်မကွေး-တောင်တွင်းကြီး-မြင်ကွန်းလမ်းမှ မြစ်သာစည်ကျေးရွာအဝင်လမ်းပေါ်၌ အရှည်ပေ ၃၀၊ အကျယ် ပေ ၂၀၊ အမြင့် ၁၃ ပေ ၆ လက်မရှိသော ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၁၃၁ ဒသမ ၅၁ သန်းဖြင့် Infrastructure Force ကုမ္ပဏီမှ တာဝန်ယူ၍ စက်တင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရာ ယခုအခါ ၄၅ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မကွေးမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဇင်လတ်ထံမှ သိရသည်။

ကိုညို(ကျေးလက်)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်