Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆောင်းနေကြာသီးနှံစိုက်ခင်းများအား တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းများ ဆောင်ရွက်


11 Nov,2024

ပြင်ဦးလွင် နို၀င်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဆောင်းနေကြာသီးနှံစိုက်ခင်းများအား တိုင်းဒေသကြီးသမဝါယမဦးစီး ဌာန တိုင်း‌‌ဒေသကြီးဦးစီးမှူး ဦးထွန်းဇော်ဦး(ညွှန်ကြားရေးမှူး)၊ မြို့နယ်သမဝါယမဦးစီးဌာန မှ  ဒေါ်ခင်မိုးကြည်(ဦးစီးအရာရှိ)နှင့်တာ၀န်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက  ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ ဘိုးနေဒွန်းကျေးရွာ ဘိုးနေဒွန်း(စိုက်/ထွေ)သမဝါယမအသင်းလီမိတက်တွင် ဆောင်းနေကြာ စိုက်ပျိုးထားသည့် အသင်းသားတောင်သူများနှင့်  ကျွန်းတပင်ကျေးရွာရှိ ရွှေ၀က်ဝံ(စပါး)မျိုးစေ့ ထုတ်သမဝါယမအသင်းလီမိတက်တွင် ဆောင်းနေကြာစိုက်ပျိုးထားသည့် အသင်းသားတောင်သူ များအားတွေ့‌ဆုံ၍ ၎င်းတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင် /ပြန်ဆက်)

မန္တလေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်