Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး


13 Nov,2024

မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

မန္တ‌လေး  နိုဝင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမရပူရမြို့နယ်၊ ရေဘုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို  ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်  အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်၊ အမရပူရမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ပပအေးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာမြစိမ်းရောင် ကျေးရွာစီမံကိန်းရန်ပုံငွေ ကြီးကြပ်မှုကော်မတီ ဝင်များနှင့်တွေ့ဆုံ၍ ရေဘုတ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ငွေစာရင်းပုံစံများ စနစ်တကျ ဖြည့်သွင်းထားခြင်း ရှိ/မရှိနှင့် စီမံကိန်းလက်စွဲ စာစောင်ပါ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးကြည့်ရှုပြီး စီမံကိန်းဖြင့် မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှု  အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပါသည်။

အဆိုပါ ရေဘုတ်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို၂၀၁၅-၂၀၁၆ခု ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၃၀၀ ဖြင့် စတင်အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ နဝမနှစ် စက်ဝန်းအဖြစ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူ စုစုပေါင်း အသင်းသား ၃၄၂ ဦးအတွက် ငွေကျပ်သိန်း ၇၅၀ ကိုထုတ်ချေးပေးထားကြောင်း အမရပူရခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းမြင့်ထံမှ သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်