Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

တောင်ကြီးနှင့်ညောင်ရွှေမြို့နယ်များရှိ သမဝါယမအသင်းသားပိုင်လယ်ယာမြေများ၌ ဆီထွက်သီးနှံများစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


18 Nov,2024

တောင်ကြီး နိုဝင်ဘာ ၁၄

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ သံတဲကျေးရွာအုပ်စု ရွှေသံတဲစိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသားပိုင်ယာမြေများတွင် ဆီနေကြာစိုက်ပျိုးနိုင်ရေးနှင့် ပြောင်းမျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မည့်အခြေအနေများ၊ ညောင်ရွှေမြို့နယ် တိလောကျေးရွာ၊ လွယ်မောကျေးရွာ၊ မိုင်းပျိုးကျေးရွာနှင့် မိုင်းသောက်ကျေးရွာတို့ရှိ သမဝါယမအသင်းသားပိုင်လယ်ယာ မြေများတွင် ဆီနေကြာစိုက်ပျိုးနိုင်ရေးနှင့် ရုရှားဆေးမြေသြဇာအသုံးပြုနေသော သီးနှံစိုက်ခင်းများသို့ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က မြို့နယ်အတွင်းရှိ တာဝန်ရှိသူများ နှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က သမဝါယမအသင်းအချင်းချင်းချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် မျိုးစေ့မြေသြဇာရရှိနိုင်ရေး ဆောင်ရွက်မည့်အခြေအနေများကို မှာကြားခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်