Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သာယာဝတီမြို့နယ်၌ သမဝါယမအသင်းသားများသို့ ဆီထွက်သီးနှံနေကြာမျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်


26 Nov,2024

သာယာဝတီ နိုဝင်ဘာ ၂၆

          ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ဆောင်းဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးအတွက် မြို့နယ်သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်းစုလီမိတက်တို့က နေကြာမျိုးစေ့နှင့် သွင်းအားစု များပေးအပ်ပွဲကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းဟို၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးနိုင်ဝင်း၊ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းအောင်နှင့် သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးချစ်ဟန်တို့က နေကြာစိုက်သမဝါယမအသင်းသားတောင်သူများသို့ ငွေကျပ်နှစ်သိန်းနှုန်းနှင့် ညီမျှ သော ရေဆင်းစပ်မျိုးနေကြာ(၁)၊ MPE ဓာတ်မြေဩဇာနှင့် သွင်းအားစုများကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစီမံကိန်းအတွက် သာယာဝတီမြို့နယ်ရှိ အခြေခံသမဝါယမအသင်း သုံးသင်းမှ အသင်းသားတောင်သူ ၅၉ ဦး၏ စိုက်ပျိုးမြေဧက ၃၀၀ တွင် ရေဆင်းစပ်မျိုးနေကြာ(၁)မျိုးများ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်