Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝမ်းတွင်းမြို့နယ်၌ ကျေးရွာချင်းဆက် ကျောက်ချောလမ်းခင်းကျင်း


02 Dec,2024

ဝမ်းတွင်း ဒီဇင်ဘာ ၁

      ဝမ်းတွင်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်းရှိ ကျေးလက်နေပြည်သူများ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရန်အတွက် ကျေးရွာချင်းဆက် ကျောက်ချောလမ်းများ ခင်းကျင်းပေးလျက်ရှိသည်။

     ယခုဆောင်ရွက်လျက်ရှိသော ကျေးရွာချင်းဆက် ကျောက်ချောလမ်း အရှည် ၁ ဒသမ ၆၇၂ ကီလို မီတာ၊ အကျယ် ၄ ဒသမ ၈၈ မီတာ ကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေကျပ်သန်း ၁၅၉ ဒသမ ၅၅၀ ဖြင့် တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေကို မန္တလေးတိုင်းဒေသကြီး တာဝန်ခံ အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးလှခိုင်၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများက နိုဝင်ဘာ ၂၈ ရက်တွင် ကွင်းဆင်းကြည့်ရှုသည်။

 ကိုရဲ (ဝမ်းတွင်း)


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်