Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မင်းဘူးမြို့နယ်အတွင်းရှိ စီမံကိန်းသီးနှံဖြစ်သော ဆောင်းဆီထွက်သီးနှံ(နေကြာ) စိုက်ပျိုး အောင်မြင် ဖြစ်ထွန်းနေမှုများအား ကွင်းဆင်းကြည့်ရှု


10 Dec,2024

မကွေး  ဒီဇင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်အတွင်း စီမံကိန်းသီးနှံဖြစ်သော ဆောင်းဆီထွက် သီးနှံ(နေကြာ)စိုက်ပျိုးဧက(၈၀၀၀)အနက်မှ ဆင်ခေါင်းကျေးရွာ ဆင်ခေါင်း စိုက်ပျိုးရေးနှင့် အထွေထွေ သမဝါယမအသင်း၊ ကုန်းသာကျေးရွာ၊ နီလာလယ်ယာနှင့်အထွေထွေသမဝါယမအသင်း၊ ကျောက်စံ ကျေးရွာ၊ စံပြမောင်လယ်ယာနှင့်အထွေအထွေသမဝါယမအသင်းတို့မှ အသင်းပိုင်ငွေဖြင့် စိုက်ပျိုးထားရှိ သည့် သီးသန့်နေကြာ စိုက်ခင်းများဖြစ်ထွန်းနေမှုအခြေအနေများအား ဒီဇင်ဘာ ၇ ရက်က သမဝါယမ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဦးမျိုးအောင်နှင့်တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် နေကြာစိုက်အသင်းသားတောင်သူများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေ အနေများအား မြို့နယ်တာဝန်ခံက ရှင်းလင်းတင်ပြပြီး နေကြာစိုက်အသင်းသားတောင်သူများ၏ မေး မြန်းချက်များအပေါ် ညွှန်ကြားရေးမှူးဦးမျိုးအောင်နှင့် တာဝန်ရှိသူများမှ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မင်းဘူးမြို့နယ်သမဝါယမအသင်းစုရုံးတွင် သမဝါယဦးစီးဌာန မှဝန်ထမ်းများ၊ မင်းဘူးမြို့နယ်သမဝါယမအသင်းစုအမှုဆောင်နှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ သမဝါယမ ကဏ္ဍအနေဖြင့် ဆောင်ရွက်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)

မကွေးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်