Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်း၏ စိုက်ပျိုးရေးကဏ္ဍ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးပြီးစီး


18 Dec,2024

ဖြူး ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ လူငယ့်အားမာန်စိုက်ပျိုးရေးနှင့် လုပ်ငန်းစုံ သမဝါယမအသင်း၏ ဆောင်းရာသီစိုက်ပျိုးရေးကဏ္ဍအနေဖြင့် ဆီထွက်သီးနှံဆောင်းနေကြာအား ဒီဇင်ဘာပထမအပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ဧက(၂၀)ခန့်စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဦးဝင်းလှိုင်ထံမှ သိရသည်။

ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံဆောင်းနေကြာ(၇၁၆၈)ဧက စိုက်ပျိုးနိုင်ရေးလျာထားပြီး လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးကြောင်း၊ ဆောင်းနေကြာစိုက်ပျိုးရာတွင် သီးသန့်စိုက်ပျိုးခြင်းနှင့် အခြားမြေပဲ၊ မတ်ပဲသီးနှံများကြားတွင် ပင်ကြားတန်းကြား စိုက်ပျိုးကြကြောင်း သိရသည်။

လူငယ့်အားမာန်စိုက်ပျိုးရေးနှင့်လုပ်ငန်းစုံသမဝါယမအသင်းပိုင်မြေတွင် ဆီထွက်သီးနှံ ဆောင်း နေကြာ(၂၀)ဧကအပြင်ဆောင်းနှမ်းလည်းစိုက်ပျိုးကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှုလျာထားချက်ပြည့်မီကျော်လွန်ရေး၊ အထွက်နှုန်းကောင်းရေး မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်း ကြီးကြပ်မှုကော်မတီဝင်များက ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)

ပဲခူးတိုင်းဒေသကြီး


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်