Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

မော်လမြိုင်မြို့နယ်၌ မိုးစပါးစိုက်ပျိုးအောင်မြင်နေမှုများအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု


20 Dec,2024

မော်လမြိုင် ဒီဇင်ဘာ ၂၀

               မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့လှာကျေးရွာအုပ်စု၊ ဖဲထော်ကျေးရွာ (စံပြကျေးရွာ)ရှိ အိပ်မက်သစ် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်မှ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေအား ပြည်နယ်သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးသည် ဦးစီးအရာရှိ(ပြည်နယ်)၊ မြို့နယ်ဦးစီးအရာရှိများနှင့်အတူ စပါးစိုက်ကွင်းများသို့ ကွင်းဆင်းကြည့်ရှုခဲ့ပြီး၊ အသင်းအမှုဆောင်များ၊ အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ သီးနှံစိုက်ပျိုးရိတ်သိမ်းရာတွင် ဆောင်ရွက်ရမည့် လိုအပ်ချက်များအ‌ပေါ် ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့သည်။

           အိပ်မက်သစ် စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းလီမိတက်အနေဖြင့် အသင်းသား (၁၁၂)ဦးရှိပြီး၊ မိုးစပါးစိုက်ဧက(၁၀၅၈)ဧကတွင် ဒေသမျိုးများဖြစ်သည့် ဆင်းသုခ၊ ရွှေတစ်ဆုပ်မျိုးများ ကို စိုက်ပျိုးထားရှိပြီး စပါးများ ရင့်မှည့်မည့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ရိတ်သိမ်းမည်ဖြစ် ကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်