Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနားကျင်းပ


03 Jan,2025

နေပြည်တော်၊ ဇန်နဝါရီ ၃

            သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီး ဌာနတွင် ၂၁.၇.၁၉၈၃ ရက်နေ့မှ ၂၁.၄.၂၀၂၅ ရက်နေ့အထိ (၄၂) နှစ်တာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာထမ်းဆောင်ခဲ့သည့် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံမှ ကျောင်းအုပ်ကြီး၊ ဒေါ်တင့်တင့်နှင့် ၂၄.၁၁.၁၉၉၉ ရက်နေ့မှ ၁.၁၂.၂၀၂၄ ရက်နေ့အထိ (၂၅) နှစ်တာကာလတစ်လျှောက် ဌာန၏ လုပ်ငန်းတာဝန်များအား ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဒေါ်နွယ်နွယ်ဝါတို့အား မှတ်တမ်းတင်ဂုဏ်ပြုနှုတ်ဆက်ခြင်း အခမ်းအနားအား ၃.၁.၂၀၂၅ ရက်နေ့ ညနေပိုင်းက အဆိုပါ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါသည်။

          ဂုဏ်ပြုနှုတ်ဆက်ပွဲအခမ်းအနားတွင် ညွှန်ကြားရေးမှူး(စီမံ)က ကျောင်အုပ်ကြီး ဒေါ်တင့်တင့်နှင့် ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝါတို့၏ တာဝန်ထမ်းဆောင်ခဲ့မှုမှတ်တမ်းအား ဖတ်ကြားတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုနှုတ်ဆက်စကား ပြောကြားရာတွင် နိုင်ငံ တော်နှင့် ပြည်သူ့အတွက် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အားလုံး လက်တွဲညီညီ ပူးပေါင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ကြရာ၌ အခက်အခဲများရှိပါကလည်း တစ်ဦးတည်း မဖြေရှင်းဘဲ အားလုံးဝိုင်းဝန်း ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ထိုကဲ့သို့ အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြခြင်းကြောင့် ဌာနအနေဖြင့် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခုလို ကြိုးစားခဲ့ကြသည့် ကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးတို့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ သက်ပြည့်ပင်စင်သည် ခက်ခဲပြီး ရှည်လျားသည့် လမ်းကြောင်းတစ်ခုဖြစ်ပါကြောင်း၊ ယခု ကျောင်းအုပ်ကြီးနှင့် ညွှန်ကြားရေးမှူးတို့ သည် နိုင်ငံတော်အတွက်၊ ဌာနအတွက်၊ ပြည်သူ့အတွက် အချိန်များစွာရင်းနှီးပြီး ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ခြင်းများကြောင့် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ အခက်အခဲများရှိပါကလည်း ဌာန အနေဖြင့် အမြဲတမ်း တံခါးဖွင့်ထားပြီး ကူညီပေးသွားမည် ဖြစ်ပါကြောင်း၊ ဌာနမှ လုပ်ငန်းလိုအပ် ချက်အရ အခက်အခဲများရှိပါကလည်း ပူးပေါင်းကူညီ ဆောင်ရွက်ပေးစေလိုပါကြောင်း ပြောကြား ခဲ့ပါသည်။

       ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုဆုတံဆိပ်၊ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများအား ပေးအပ်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနခွဲတာဝန်ခံ ညွှန်ကြား ရေးမှူးမှ အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ သက်ပြည့်အငြိမ်းစားယူသည့် ကျောင်းအုပ် ကြီး၊ ဒေါ်တင့်တင့်နှင့် လျော့ပေါ့ပင်စင်ခံစားသွားသည့် ညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဝါ တို့က အမှတ်တရနှုတ်ဆက်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်