Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

သရက်မြို့နယ်၌ သမဝါယမအသင်းစုလီမိတက်များ၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ


08 Jan,2025

သရက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ချမ်းမြေ့ငွေကြေးသမဝါယမအသင်းစုလီမိတက် ၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ်မှ (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်များအတွက် နှစ်ပတ်လည်အရပ်ရပ် ဆိုင်ရာအစည်းအဝေးကို ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက ရွှေဘုံသာခန်းမ၌လည်းကောင်း၊ မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင် ရာအစည်းအဝေးကို နေ့လည်ပိုင်းတွင် မြို့နယ်သမဝါယမအသင်းစုခန်းမ၌လည်းကောင်း ကျင်းပပြု လုပ်ခဲ့သည်။

အစည်းအဝေးတွင် သဘာပတိအသင်းစုဥက္ကဋ္ဌများက အဖွင့်အမှာစကားပြောကြားပြီး တိုင်း ဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိတာရီထွန်း၊ အသင်းစုချုပ်ဥက္ကဋ္ဌ ဦးစံကျော်ဝင်းတို့က လမ်းညွှန်အမှာစကားပြောကြားခဲ့ကြပြီး အသင်းစုများ၏ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)

မကွေးတိုင်းဒေသကြီး


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်