Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ညောင်လေးပင်မြို့နယ်ရှိ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းက စိုက်ပျိုးသည့် ဆီထွက်သီးနှံ(နေကြာ)စံပြစိုက်ခင်းအား တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်


11 Jan,2025

ညောင်လေးပင် ၊ ဇန်နဝါရီ ၁၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် သမဝါယမကဏ္ဍမှ ဆီထွက်သီးနှံ (နေကြာ) အား သမဝါယမအသင်း ၆ သင်း၊ အသင်းသား ၅၇ ဦး၊ စိုက်ဧက ၁၅၀ တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရဲနွယ်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းအနေ ဖြင့် နေကြာစံပြစိုက်ခင်း ၁၀ ဧက စိုက်ပျိုးထားရှိသည်။

အဆိုပါနေကြာစံပြစိုက်ခင်းများမှ နေကြာပင်များကို ရရှားသဘာဝမြေဩဇာများ ပက်ဖျန်း ခြင်းနှင့် လိုအပ်သော ကြားပေါင်းလိုက်ခြင်း၊ အပင်သားခွဲခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ နေကြာစံပြစိုက်ခင်းအတွက် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် မြို့နယ်သမဝါယမဦးစီး ဌာနနှင့် မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများသည် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပေါင်းစပ်၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆက်စပ် သတင်းများ

Related News and Articles

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်