Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြိုင်ပွဲအတွက် ဆုရွေးချယ်ရေးနှင့်စပ်လျဉ်းသည့်ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပ


11 Jan,2025

နေပြည်တော်၊ ဇန်နဝါရီ ၁၁ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ချီးမြှင့်ရေးဆပ် ကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးတွင် MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ် ရေးနှင့် ချီးမြှင့်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မူပိုင်ခွင့်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ Online Virtual System ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် MSME ထုတ်ကုန်ပြိုင်ပွဲကျင်းပရေး၊ ဆုရွေးချယ်ရေးနှင့် ချီးမြှင့်ရေးဆပ် ကော်မတီဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားရာ ဆပ်ကော်မတီအား သက်ဆိုင်ရာဦးစီးဌာနများမှ အဖွဲ့ဝင်(၁၀)ဦးဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ပြိုင်ပွဲတွင် အသေးစား၊ အငယ်စား၊ အလတ်စားထုတ်ကုန် ဆုများ၊ စားသောက်ကုန်၊ လူသုံးကုန်၊ ရက်ကန်း၊ လက်မှုဆိုင်ရာ အသေးစားစက်မှုလက်မှုလုပ်ငန်း ထုတ်ကုန်ဆုများ၊ ကုန်ထုတ်သမဝါယမအသင်းစွမ်းဆောင်ရည်ဆုများ၊ တိုင်းဒေသကြီး/ ပြည်နယ် (၁၅)ခုအတွက် OROP ထုတ်ကုန်ဆုများစသည့် အမျိုးအစား (၆)မျိုးဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အကဲဖြတ်ဒိုင်ချုပ်အဖွဲ့နှင့် ဆု(၁)ခုချင်းစီအတွက် အကဲဖြတ်ဒိုင်များအား သက်ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖွဲ့စည်းထားပါကြောင်း၊ ဆုအလိုက် တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေများမှ ဒေသဆိုင်ရာ အေဂျင်စီများ၊ အသေးစားနှင့် သမဝါယမတိုင်းဦးစီးမှူးများမှ ဒိုင်အဖွဲ့ များဖွဲ့ကာ ဇကာတင်(၃)ဦးစီ စိစစ်ရွေးချယ်၍ လုပ်ငန်းဆိုင်ရာတင်ပြမှု (power point)၊ အကဲဖြတ်အမှတ်စာရင်း ရွေးချယ်ရသည့် ဖော်ပြချက်နှင့်အတူ ဆပ်ကော်မတီသို့ ပေးပို့သွားရမည် ဖြစ်ကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သတ်မှတ်နေရာ(၆)နေရာတွင် ဖေဖော် ဝါရီလ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ ဒိုင်အဖွဲ့များမှ စိစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ ဒိုင်ချုပ်အဖွဲ့နှင့် ရုံးအဖွဲ့ အပါအဝင် အခန်း(၈)ခန်း ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ ဂုဏ်ပြုဆုငွေများ၊ ဆုလက်မှတ်များ၊ ဆုတံဆိပ်များချီးမြှင့်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်လုပ်ငန်းများ အနေဖြင့် MSME ထုတ်ကုန်ပြပွဲတွင်လည်း ဝင်ရောက်ပြသရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စု နယ်မြေများအနေဖြင့် လုပ်ငန်းအရေအတွက်များများ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားဆောင်ရွက် သွားကြရန်၊ ဒိုင်အဖွဲ့များအနေဖြင့်လည်း သတ်မှတ်ထားသော Criteria များ၊ အမှတ်ပေးစည်းမျဉ်း များနှင့်အညီ ဆုချီးမြှင့်ရွေးချယ်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ ပါသည်။ ၎င်းနောက် အတွင်းရေးမှူးမှ ဆပ်ကော်မတီဖွဲ့စည်းထားမှု၊ ဆုရွေးချယ်ရန် Criteria များ၊ အမှတ်ပေးစည်းမျဉ်းများ ရေးဆွဲထားမှု၊ ဆုတံဆိပ်များ ပြင်ဆင်ထားမှု၊ ကုန်ကျစရိတ်တွက်ချက် ထားမှုများအား အသေးစိတ်တင်ပြရှင်းလင်းဆွေးနွေးရာ အဖွဲ့ဝင်များမှ လိုအပ်သည်များ ပြန်လည် ဆွေးနွေးကြကြောင်း သတင်းရရှိပါသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်