Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ကုန်ထုတ်လမ်းလုပ်ငန်းများအား အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်း ဖွင့်ပွဲကျင်းပ


13 Jan,2025

ကုန်ထုတ်လမ်းလုပ်ငန်းများအား အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်း ဖွင့်ပွဲကျင်းပ

▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဇန်နဝါရီ ၁၃

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကုန်ထုတ်လမ်းများအား QCစစ်ဆေးရာတွင် ပိုမိုတိကျမှန်ကန်စွာဖြင့် စနစ်တကျဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကုန်ထုတ်လမ်းလုပ်ငန်းများအား အရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၁၃ရက်နေ့ နံနက် ၀၉:၃၀နာရီအချိန်က နေပြည်တော်ရှိ ရုံးအမှတ်(၃၆-B) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က အဖွင့်အမှာ စကားပြောကြားရာကြားသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် သင်တန်းသားတစ်ဦးချင်းစီမှ မိတ်ဆက်စကား ပြောကြားသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၃၂)ဦး တက်ရောက်ကြပြီး၊ သင်တန်းကာလမှာ(၁၃-၁-၂၀၂၅)ရက်နေ့မှ(၁၅-၁-၂၀၂၅)ရက်နေ့ထိ( ၃ )ရက်ကြာ စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချ‌ပေးမည်ဖြစ်ကြောင်းသိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်