သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် သန်လျင်နှင့် စစ်ကိုင်းတို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တို့မှ သင်တန်းနှစ်အသီးသီးအား ဖွင့်လှစ်သင်ကြားလျက် ရှိရာ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)၌ ကျောင်းသား/ ကျောင်းသူစုစုပေါင်း (၁၈၈၄)ဦးနှင့် သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသိုလ် (စစ်ကိုင်း)၌ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၄၁၉)ဦး တက်ရောက် သင်ကြားလျက်ရှိပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်)တွင် အင်္ဂလိပ်ဘာသာစကားကို ထိရောက်စွာပြောဆို အသုံးပြုနိုင်သည့် အရည်အချင်းရရှိစေရန်နှင့် ဆက်သွယ်ပြောဆိုမှုစွမ်းရည် များ မြင့်မားလာစေရန် ရည်ရွယ်၍ “Storytelling Competition” ကို ၂၂-၁-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ “တက္ကသိုလ် (၁၄) နှစ်မြောက် အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ” အခမ်းအနား ကို ၁၅-၁-၂၀၂၆ မှ ၁၆-၁-၂၀၂၆ ရက်နေ့ထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
ထို့ပြင် Human Resource Development အစီအစဉ်အနေဖြင့် Certificate in Agribusiness Management CABM (Batch-1) သင်တန်းကို ၁၅-၁-၂၀၂၆ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား (၅၄)ဦး တက်ရောက်သင်ကြားလျက် ရှိပါသည်။
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (စစ်ကိုင်း)နှင့် စစ်ကိုင်းခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ တန်ဖိုးမြှင့်စားသောက်ကုန် Bakery အမျိုးမျိုး ထုတ်လုပ်မှု နည်းပညာသင်တန်းကို ၅-၁-၂၀၂၆ မှ ၁၀-၁-၂၀၂၆ ရက်ထိလည်းကောင်း၊ Intellectual Talk အစီအစဉ်အဖြစ် Data Analysis ဆိုင်ရာ အသိပညာပေးဟောပြောကို ၁၅-၁-၂၀၂၆ ရက်နေ့တွင် လည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဆောင်းရာသီအားကစားပြိုင်ပွဲ ဘောလုံး(ကျား)၊ ဖူဆယ်(မ) ပြိုင်ပွဲအား ၁၉-၁-၂၀၂၆ မှ ၂-၂-၂၀၂၆ ရက်နေ့ထိတွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်