Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

(ဍ) ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းလုပ်ငန်းစဉ်များ

(၁)    သမဝါယမအသင်းသစ်များအား သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဖွဲ့စည်း မှတ်ပုံတင်ပေးရန်နှင့် ဖွဲ့စည်းထားရှိသည့် သမဝါယမအသင်းများအားလည်း ကျစ်လစ် ခိုင်မာစွာဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးမည်၊(MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉နှင့် NCDP မဟာဗျူဟာ ၂)

(၂)    ကျေးလက်နေပြည်သူများနှင့် မြို့ပြနေအခြေခံလူတန်းစားများ၏ ဝင်ငွေရလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစားအရင်းအနှီးချေးငွေအစီအစဉ် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၂၊ ၅)

(၃)    တောင်သူလယ်သမားများသို့ လယ်ယာသုံးစက်ကိရိယာများနှင့် သွင်းအားစုများအား အရစ်ကျ စနစ်ဖြင့် ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ၅ )

(၄)    လယ်ယာအထောက်အကူပြုဝန်ဆောင်မှု သမဝါယမအသင်းများ ပေါ်ပေါက်လာရေးနှင့် လယ်ယာသွင်းအားစုများ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၅)

(၅)    သမဝါယမဦးစီးဌာန ဝန်ထမ်းများ၊ သမဝါယမအသင်းများမှ အမှုဆောင်ဒါရိုက်တာများနှင့် အသင်းဝန်ထမ်းများကို သမဝါယမပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၆)

(၆)    ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆောင်ရွက်နေသော သမဝါယမအသင်းများအား အဆင့်မြှင့်တင်ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ၂)

(၇)    သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၄၊ ၃)

(၈)    သမဝါယမစီးပွားရေး ပညာတတ်များနှင့် စာရင်းရေး၊ စာရင်းကိုင်ပညာ ကျွမ်းကျင်သူများ မွေးထုတ်ပေးခြင်းနှင့် အလုပ်အကိုင်ဆိုင်ရာ အသိအမှတ်ပြုအောင်လက်မှတ်ရရှိရေးတို့ကို ဆောင်ရွက်မည်။ (MSDP မဟာဗျူဟာ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၆)

(၉)    ကျေးလက်ဒေသ သောက်သုံးရေရရှိရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၅.၃၊ လုပ်ငန်းစဉ် ၅.၃.၃ နှင့် NCDP မဟာဗျူဟာ ၅)

(၁၀)  မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်ဒေသလျှပ်စစ်မီးရရှိရေး လုပ်ငန်းများဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၅.၄၊ လုပ်ငန်းစဉ် ၅.၄.၁၊ ၅.၄.၂ နှင့် NCDP မဟာဗျူဟာ ၅)

(၁၁)  စိုက်ပျိုးရေး၊ မွေးမြူရေး ကုန်ထုတ်လမ်းတံတားများ တည်ဆောက်ခြင်းနှင့် ပြင်ဆင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၅)

(၁၂)  ကျေးလက်ဒေသ အိမ်ရာတည်ဆောက်ရေးလုပ်ငန်းများနှင့် ပြုပြင်တည်ဆောက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၁.၂၊ လုပ်ငန်းစဉ် ၁.၂.၁ နှင့် NCDP မဟာဗျူဟာ ၅)

(၁၃)  ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် စီးပွားရေးလုပ်ငန်းများ ဖော်ထုတ် ဆောင်ရွက်နိုင်ရန် အရင်းမပျောက် မတည်ရန်ပုံငွေထူထောင်ပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၄)  ကျေးလက်နေပြည်သူများ၏ လုပ်ငန်းစွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပို့ ချခြင်းနှင့် ဒေသထွက်ကုန်များ ဈေးကွက်ရရှိရေး ချိတ်ဆက်ကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၈၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၁၀ နှင့် NCDP မဟာဗျူဟာ ၆)

(၁၅)  ကျေးလက်နေပြည်သူများ ကိုယ်တိုင်ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် အသေးစားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ဝင်ငွေတိုးလုပ်ငန်းများနှင့်အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများ ဖော်ဆောင်ပေးခြင်းတို့ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ၃.၁ ၊ လုပ်ငန်းစဉ် ၃.၁.၈ နှင့် NCDP မဟာဗျူဟာ ၅)

(၁၆)  သဘာဝဘေးအန္တရာယ် ကာကွယ်တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူမှုအဖွဲ့အစည်းများ အတွက်  အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ နှင့် NCDP မဟာဗျူဟာ ၅)

(၁၇)  ကျေးလက်ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၁.၅၊ လုပ်ငန်းစဉ် ၁.၅.၂၊ ၁.၅.၄ နှင့် NCDP မဟာဗျူဟာ ၅၊ ၆)

(၁၈)  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက်များကို စောင့်ကြည့် စစ်ဆေးခြင်း၊ အကဲဖြတ်သုံးသပ်ခြင်းနှင့် အစီရင်ခံစာပြုစုတင်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်မည်၊ (MSDP တွင် ဖော်ပြထားသော စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အကဲဖြတ် သုံးသပ်ခြင်းအပိုင်း)

(၁၉)  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာသုတေသနလုပ်ငန်းအရပ်ရပ်ကို ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၅ နှင့် NCDP မဟာဗျူဟာ ၅)

(၂၀)  တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပေါ်ထွန်း လာစေပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းမြှင့်တင်ရေးကို အားပေးကူညီဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၂၊ ၅)

(၂၁) အသေးစားစက်မှုလက်မှုလုပ်ငန်းများကို ဥပဒေနှင့်အညီ စနစ်တကျ မှတ်ပုံတင်ပေး၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၄.၃ ၊ လုပ်ငန်းစဉ် ၄.၃.၉ နှင့် NCDP မဟာဗျူဟာ ၅)

(၂၂)   အသေးစားစက်မှုလက်မှုလုပ်ငန်းထုတ်ကုန်များ အရည်အသွေးပြည့်မီရေးနှင့် ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းရေးအတွက် ခေတ်မီဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာများဖြင့် စမ်းသပ် ဆောင်ရွက်ပေးသွားမည်၊ (MSDP မဟာဗျူဟာ ၄.၄ ၊ လုပ်ငန်းစဉ် ၄.၄.၃ နှင့် NCDP မဟာဗျူဟာ ၇)

(၂၃)  ရက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာများ ရေရှည်တည်တံ့ထွန်းကားရေးအတွက် ဒီပလိုမာအဆင့်တတ်မြောက်သူများနှင့် ကျွမ်းကျင်သူများဖြစ်စေရေး လေ့ကျင့်မွေးထုတ် ပေးခြင်းနှင့် ကျွမ်းကျင်သူများကို အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ်ရရှိရေးတို့ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၅ နှင့် NCDP မဟာဗျူဟာ ၆)

(၂၄)  တစ်နိုင်တစ်ပိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းထူထောင်လိုသူများနှင့် တန်ဖိုးမြှင့်ထုတ် ကုန်ထုတ်လုပ်လိုသူများအတွက် လေ့ကျင့်ပျိုးထောင်ရေးစင်တာ (Incubation Centre) များ တည်ထောင်ဖွင့်လှစ်ပြီး အသက်မွေးဝမ်းကျောင်းပညာသင်တန်းများကို သင်ကြားပေးရာ၌ လိုအပ်သည့်ငွေကြေး၊ လုပ်ငန်းထူထောင်လိုသူများအတွက် အရင်းအနှီး၊ အထောက်အကူ ပစ္စည်းများ၊ နည်းပညာများပံ့ပိုးနိုင်ရန် ဘဏ္ဍာငွေရရှိရေးအတွက် နိုင်ငံတော်မှ ခွဲဝေချထား ပေးသည့် ဘဏ္ဍာရန်ပုံငွေပေါ်မူတည်၍ ကူညီဆောင်ရွက်ပေးသွားမည်၊(MSDPမဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၁၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆၊ မဟာဗျူဟာ ၃.၇၊ လုပ်ငန်းစဉ် ၃.၇.၄၊ မဟာဗျူဟာ ၄.၁၊ လုပ်ငန်းစဉ် ၄.၁.၅၊ မဟာဗျူဟာ ၄.၃၊ လုပ်ငန်းစဉ်၄.၃.၉၊ ၄.၃.၁၀ နှင့် NCDP မဟာဗျူဟာ ၂၊ ၅၊ ၆)

(၂၅)  အသေးစားလုပ်ငန်းထုတ်ကုန်များ ဈေးကွက်ဖွံ့ဖြိုးရေးအတွက် အသေးစားစက်မှုလက်မှု ထုတ်ကုန်ပစ္စည်း ပြပွဲ၊ ပြိုင်ပွဲ၊ ဈေးရောင်းပွဲနှင့် ဆွေးနွေးပွဲများ ကျင်းပပေးခြင်း၊ ထုတ်လုပ် သူနှင့် ရောင်းချသူများအကြား ချိတ်ဆက်ပေးခြင်း၊ မြန်မာ့လက်မှုအနုပညာစင်တာ အရောင်း ခန်းမ ဖွင့်လှစ်ရောင်းချပေးခြင်းနှင့် IT နည်းပညာအသုံးပြု၍ အီလက်ထရောနစ်နည်းလမ်းဖြင့် ကူးသန်းရောင်းဝယ်ခြင်း (e-commerce) အသုံးပြုနိုင်ရေး အားပေးကူညီဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၆ နှင့် NCDP မဟာဗျူဟာ ၄၊ ၅)

(၂၆)  ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ ၂၀၃၀ ပြည့်နှစ်တွင် ကျေးရွာအားလုံး၏ ၈၀ % သို့ ရာသီမရွေးသွားလာနိုင်သည့် လမ်းများဆောင်ရွက်ရန်အတွက် လက်ရှိအဓိကချိတ်ဆက်သည့် လမ်းကွန်ယက်စနစ် (CRRN-Core Rural Road Network)ဖြင့် လမ်းများအား ရာသီမရွေး သွားလာနိုင်ရေး အဆင့်မြှင့်တင်ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDPမဟာဗျူဟာ၃)

(၂၇)  ကျေးလက်လမ်းကွန်ယက်ဖြင့် ဆက်သွယ်ပေးနိုင်ခြင်း မရှိသေးသည့် ကျေးရွာများအတွက် ရာသီမရွေးသွားလာနိုင်သောလမ်းများ အသစ်ဖောက်လုပ်ပေးမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၈)  ကျေးလက်တံတားများအား ရာသီမရွေးသွားလာနိုင်သည့် တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်သွားမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ်၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၂၉)  ကျေးလက်လမ်းများဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၊ ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၀)  ကျေးလက်ဒေသဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်၏ GDP တိုးတက်မှုကို အဓိကအထောက်အကူဖြစ်စေနိုင်သည့် ကျေးလက်ထုတ်ကုန်များ စျေးကွက်သို့ စျေးနှုန်းသက်သာစွာဖြင့် အမြန်ဆုံးအချိန်မီရောက်ရှိနိုင်ရေးတို့အတွက် ကျေးလက် ဒေသလမ်းများအား ရာသီမရွေးသွားလာနိုင်သည့် လမ်းများအဖြစ် အဆင့်တိုးမြှင့် ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၁)  နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းတို့၏ ထောက်ပံ့ငွေနှင့် ချေးငွေတို့ဖြင့် ကျေးလက် လမ်းတံတားများ အဆင့်မြှင့်ဆောင်ရွက်ခြင်း၊ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် သုတေသနလုပ်ငန်းတို့ ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၂)  ကျေးလက်လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ကျေးလက်လမ်းဥပဒေရေးဆွဲမည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၃)  အချက်အလက်မြေပုံစနစ် GIS (Geographic Information System) နည်းပညာဖြင့် ကျေးလက်လမ်းတံတားဆိုင်ရာ အချက်အလက်များ၊ မြေပုံများ ပြည့်စုံမှန်ကန်မှု ရှိစေရေး ဆောင်ရွက်မည်၊ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉၊  မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

(၃၄)  ကျေးလက်လမ်းတံတားများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ရမည့် လမ်းများအား သာမန်ပြင်ဆင်ထိန်းသိမ်းခြင်းနှင့် အထူးပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည်။ (MSDP မဟာဗျူဟာ ၃.၁၊ လုပ်ငန်းစဉ် ၃.၁.၉ ၊ မဟာဗျူဟာ ၃.၂၊ လုပ်ငန်းစဉ် ၃.၂.၈၊ မဟာဗျူဟာ ၃.၆၊ လုပ်ငန်းစဉ် ၃.၆.၁၀ နှင့် NCDP မဟာဗျူဟာ ၃)

 

ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်