Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ဝါးခယ်မမြို့နယ် တိုးပွားအောင်စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်က ဆီကြိတ်ခွဲဖြန့်ဖြူးရောင်းချရေးလုပ်ငန်း ဆောင်ရွက်


19 Apr,2022

               ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာရှိ တိုးပွားအောင် စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်သည် အသင်းသားတောင်သူများပိုင်ဆိုင်သော လယ်မြေများမှ စိုက်ပျိုးထွက်ရှိသည့် မြေပဲနှင့်နေကြာများကို ဝယ်ယူ၍ ဆီကြိတ်ခွဲစက်ဖြင့် ကြိတ်ခွဲဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

              အသင်း၏ ဆီကြိတ်ခွဲစက်မှ တစ်နေ့လျှင် မြေပဲတင်း ၁၀၀ မှ ၁၅၀ ထိ ကြိတ်ခွဲနိုင်ပြီး မြေပဲဆီပိဿာချိန် ၂၀ မှ ၂၅ ထိ ထွက်ရှိ၍  နေကြာတင်း ၁၀၀ ကြိတ်ခွဲပါက နေကြာဆီပိဿာချိန် ၃၀ ထွက်ရှိကာ ဆီ ၅ ပိဿာနှင့် ၁၀ ပိဿာဘူးများဖြင့် မြို့နယ်အတွင်းသို့ လက်ကားစနစ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိသည်။  

              ထို့ပြင် အသင်းလုပ်ငန်းခွဲများအနေဖြင့် လယ်ယာမြေအဆင့်မြှင့်တင်ပြုပြင်ခြင်း၊ မျိုးသန့်မျိုးစေ့ထုတ်လုပ်ငန်းများဆောင်ရွက်ခြင်း၊ စက်ချုပ်သင်တန်းဖွင့်၍ အသင်းသားပြည်သူ များ အသက်မွေးဝမ်းကျောင်းပညာတတ်မြောက်စေရန်နှင့် အပ်ချုပ်စက်နှင့် ဆက်စပ်ပစ္စည်း အရောင်းဆိုင်ဖွင့်လှစ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိရာ အသင်းသားပြည်သူများ  အလုပ်အကိုင်အခွင့်အလန်းများရရှိစေရန်နှင့်  ဒေသတွင်းစားသုံးဆီများ ဖူလုံမှုရရှိစေရန်အတွက် ရည်ရွယ်၍ သမဝါယမကဏ္ဍမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်