မိုင်းဖြတ်မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက် ပြီးစီးမှု ကွင်းဆင်း
မိုင်းဖြတ် ဖေဖော်ဝါရီ ၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၏ ထုတ်ကုန်၊ ထွက်ကုန်များ ဈေးကွက်သို့ အချိန်မီတင်ပို့ရောင်းချနိုင်စေရန် ရည်ရွယ်၍၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် အိုက်ရီ(ပါခုံ) ကျေးရွာ အပိုင်း(၁) ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ဖေဖော်ဝါရီ ၃ ရက်နေ့ နေ့လည်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သန့်ဇင်၊ မိုင်းဖြတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး နှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ များက အိုက်ရီ(ပါခုံ) အပိုင်း(၁) ၊ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ် ဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ကြည့်ရှု စစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးကျော်သန့်ဇင် က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိမ်းသိန်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းဖြတ် မြို့နယ်၊ အိုက်ရီ(ပါခုံ) ကျေးရွာ၌ အရှည် ၁ မိုင် ၊ အကျယ် ၁၂ ပေ၊ အမြင့် ၁ ပေ ၉ လက်မ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၂၃ ဒသမ ၄ သန်း ဖြင့် ရွှေကန်ညီအကို ကုမ္ပဏီမှ ယခု နှစ် ဇွန် လ ၃၀ ရက်နေ့က တာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းများအားလုံး ရာခိုင်နှုန်း ပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါကြောင်း မိုင်းဖြတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်မာဦး ထံမှ သိရှိရသည်။
ဇင်မာ
Related News and Articles
အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်