Language : |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဦးလှမိုး အေးသာယာမြို့၊ ဝင်ငွေတိုးစီမံကိန်းသင်တန်းဆင်းများအား ကြည့်ရှုအားပေး ရုရှားနေကြာမျိုး စမ်းသပ်စိုက်ပျိုးထားမှုအား ကွင်းဆင်းစစ်ဆေး


04 Feb,2026

နေပြည်တော် ဖေဖော်ဝါရီ ၄

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာဝန်ရှိသူများလိုက်ပါ လျက် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ ရပ်ကွက်(၁)သို့ သွားရောက်၍ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေ တိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သော စက်ချုပ်နည်းပညာသင်တန်း တက်ရောက်အောင်မြင်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ဒေါ်အေးအေးမွန်၏ “အိုးစည်” စက်ချုပ်လုပ်ငန်းကိုလည်း ကောင်း၊ ဒေါ်အေးစန္ဒာထွန်း၏ “စန္ဒာ” စက်ချုပ်လုပ်ငန်းကိုလည်းကောင်း၊ ဒေါ်မြတ်မြတ်သင်း၏ “ရွှေအိပ်မက်” စက်ချုပ်လုပ်ငန်းကိုလည်းကောင်း၊ ဒေါ်ခင်ရွှေမာလွင်၏ “ဇလပ်ဖြူ” စက်ချုပ် လုပ်ငန်းကိုလည်းကောင်း၊ ဒေါ်သီတာခိုင်၏ “သီတာ” စက်ချုပ်လုပ်ငန်းကိုလည်းကောင်း ကြည့်ရှု အားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံတော်က လုပ်ငန်းသုံး ပစ္စည်းများ ထောက်ပံ့ပေးထားပါကြောင်း၊ အမှန်တကယ် ဝင်ငွေတိုးပွားခြင်း ရှိ/ မရှိကို တာဝန်ရှိသူ များက စဉ်ဆက်မပြတ် ကြီးကြပ်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားကာ လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အေးသာယာ၊ စစ်မှုထမ်းဟောင်းဝန်ထမ်းအိမ်ရာသို့ သွားရောက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တစ်နာရီလျှင် ရေဂါလံ (၆၀၀၀)နှုန်း ဖြင့် ရေရရှိရေးဆောင်ရွက်ပေးထားသော စိမ့်စမ်းရေသွယ်လုပ်ငန်းနှင့် စက်ရေတွင်းလုပ်ငန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဦးစီးမှူး၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက စနစ်တကျ လွှဲပြောင်းပေးရန်နှင့်လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့၊ သူဌေး ကုန်းရပ်ကွက်ရှိ မြို့နယ်သမဝါယမအသင်းစုသို့ သွားရောက်ပြီး ရုရှားနေကြာမျိုးများဖြစ်သော မာ့ဟ်ဟွန်း (Markhaon) နှင့် ဗော်လ်ကန် (Valkuan) (၅) ဧက စမ်းသပ်စိုက်ပျိုးထားမှုကို ကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများအား အပင်အတွက်လိုအပ်သည့် မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ် ဆေးနှင့် သွင်းအားစုများကို အချိန်မှန်ထည့်သွင်းအသုံးပြုရေး၊ စိုက်နည်းစနစ်များနှင့်အညီ စိုက်ပျိုး ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရေး တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြို့နယ်သမဝါယမအသင်းစု၏ New Hope အမျိုး အစား ကြက်ကောင်ရေ (၄၀၀၀) မွေးမြူထားမှုအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 


ဆက်စပ်လင့်ခ်များ

အရေးပေါ်အခြေအနေမျိုးတွင် ဤနံပါတ်များနှင့် အီးမေးလ်ကို ခေါ်ဆိုပါ။

  • တယ်လီဖုန်း

    ၀၆၇ - ၄၁၀၀၃၃
  • ဖက်စ်

    ၀၆၇ - ၄၁၀၀၃၆
  • Email

    contact@mcrd.gov.mm

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့်
မဲမသမာမှုနှင့်တရားမဲ့ပြုကျင့်မှုများအပေါ်
စုံစမ်းစစ်ဆေးတွေ့ရှိချက်